News

14-9-2020-01

 

14-9-2020-02

 

14-9-2020-03

 

၁။ မြန်မာသံရုံး၊ ရီယာဒ်မြို့အနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက် နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများ ရှိ အခက်အခဲကြုံတွေ့နေကြရသော မြန်မာနိုင်ငံသားများအတွက် ကယ်ဆယ်ရေး လေယာဉ်များကို ပူးတွဲဇယားပါအတိုင်း စီစဉ်ပေးနိုင်ခဲ့ရာတွင် လက်ရှိအချိန်အထိ ဆော်ဒီအာရေဗျနိုင်ငံမှ(၁၂)ဉီး၊ အိုမန်နိုင်ငံမှ(၂၈)ဉီး၊ ဘာရိန်းနိုင်ငံမှ(၁၄)ဉီး၊ ကာတာ နိုင်ငံမှ(၆၁)ဦး၊ ယူအေအီးနိုင်ငံမှ(၆၃၆)ဉီး၊ ပြင်ပနိုင်ငံများရှိ မြန်မာသံရုံးများမှ တဆင့် စာရင်းပေးပို့ လိုက်ပါသူ(၂၄၂)ဉီးနှင့် နိုင်ငံခြားသားများ (၂၄)ဉီး၊ ခရီးသည် စုစုပေါင်း (၁၀၁၇)ဉီးလိုက်ပါနိုင်ရေးဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ထို့အပြင် မြန်မာသံရုံး၊ လန်ဒန်မှ စီစဉ်သည့် လန်ဒန်-ဒိုဟာ-ရန်ကုန် ခရီးစဉ်တွင် မြန်မာနိုင်ငံသား(၁၃)ဉီးနှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီစဉ်သည့် ဆိုးလ်-ရန်ကုန် ခရီးစဉ်များတွင် မြန်မာနိုင်ငံသား(၇)ဉီးတို့ လိုက်ပါ နိုင်ရေးအတွက်လည်း သက်ဆိုင်ရာ သံရုံးများနှင့် ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။

၂။ ဆက်လက်၍ စက်တင်ဘာလ ၁၉ ရက်၊ ၂၁ ရက်နှင့် အောက်တိုဘာလ ၁၄ ရက် နေ့များတွင် ကယ်ဆယ်ရေးလေယာဉ်များဖြင့် မြန်မာနိုင်ငံသားများ ပြည်တော် ပြန်နိုင် ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ စီစဉ်ဆောင်ရွက်လျက်ရှိရာတွင် အောက်ပါ မူဝါများအပေါ် အခြေခံ၍ စိစစ်ရွေးချယ်ပေးလျက်ရှိပါသည်-
(က) အသက်အရွယ် ကြီးရင့်သူများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်ရှိသူများ၊ ကျန်းမာရေး ကုသမှုခံယူနေရသူများနှင့် ထိခိုက်ဒဏ်ရာ ရရှိ ထားသူများ။
(ခ) မိသားစုနှင့်အတူနေများ၊ မိသားစုဉီးရေ များပြားသူများ၊ လူမှုရေး အခက် အခဲရှိသူများ။
(ဂ) ကာလရှည် အလုပ်လက်မဲ့ဖြစ်ပြီး အခက်အခဲ ကြုံတွေ့နေရသော မြန်မာ အလုပ်သမားများနှင့် ကာလကြာရှည် သောင်တင်နေသော သ‌ေင်္ဘာသား များ။
(ဃ) မမျှော်လင့်သော အရေးကြီး ကိစ္စရပ်များကြောင့် မြန်မာနိုင်ငံသို့ ဆောလျင် စွာ ပြန်နိုင်ရေး လိုအပ်သူများ(တိကျသော အထောက်အထား တင်ပြချက် များဖြင့် လိုက်ပါခွင့် တောင်းခံလာသူများ)။
(င) မြန်မာနိုင်ငံသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အပြည်ပြည်ဆိုင် ရာအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ သံတမန်များ၊ သံတမန် မိသားစုဝင်များ။

၃။ အထက်ပါအတိုင်း တတ်နိုင်သမျှ စိစစ်၍ လိုက်ပါနိုင်ရေး ဆောင်ရွက်ရာတွင် လိုက်ပါလိုကြသူအရေအတွက်နှင့် လိုက်ပါနိုင်သည် အရေအတွက်တို့မှာ အဆမတန် ကွာခြားလျက်ရှိအတွက် လိုက်ပါခွင့် ရရှိသူများ၊ ကာလတစ်ခုအထိ စောင့်ဆိုင်းရသူများ ရှိပါသည်။ စောင့်ဆိုင်းနေရသူများအတွက် ကယ်ဆယ်ရေးလေယာဉ် ပြေးဆွဲ နိုင်မည့် ရက်၊ လိုက်ပါနိုင်သူများ စာရင်း၊ လိုက်နာဆောင်ရွက်ရမည့် လတ်တလော အခြေအနေ များကို သတင်းမှန် ထုတ်ပြန်၍ မြန်မာနိုင်ငံသားများအား အသိပေးနိုင်ရန်နှင့် လိုအပ် သည်များ ကူညီဆောင်ရွက်ပေးနိုင်ရန် အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိနိုင်ပါရန် ဖော်ပြအပ်ပါသည်။

20-8-2020-01

 

20-8-2020-02

 

20-8-2020-03

 

20-8-2020-04

 

၂၀-၈-၂၀၂၀ ရက်၊ ဒေသစံတော်ချိန်(၁၀၃၀)နာရီတွင် အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)ရှိ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လည်းကောင်း ဒေသစံတော်ချိန်(၁၂၁၀)နာရီတွင် အိုမန်နိုင်ငံ၊ မတ်စကတ်တို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှလည်းကောင်း ထွက်ခွာသော အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) ကယ်ဆယ်ရေးလေယာဉ်တွင် ခရီးသည်များအနေဖြင့် အိုမန်နိုင်ငံမှ မြန်မာနိုင်ငံသား (၂၈)ဦး၊ ဘာရိန်းနိုင်ငံမှ မြန်မာနိုင်ငံသား(၁)ဦး၊ ယူအေအီးနိုင်ငံမှ မြန်မာနိုင်ငံသား (၈၀)ဦး၊ ပါကစ္စတန်နိုင်ငံသား ကလေးငယ် (၁)ဦး၊ အီဂျစ်နိုင်ငံမှ မြန်မာနိုင်ငံသား (၉)ဦးနှင့် အီဂျစ်နိုင်ငံသား (၃)ဦး၊ ဘယ်လ်ဂျီယံ နိုင်ငံမှ မြန်မာနိုင်ငံသား (၄)ဦးနှင့် နိုင်ငံခြားသား (၅)ဦး၊ နယ်သာလန်နိုင်ငံမှ နိုင်ငံခြားသား (၁)ဦး၊ မော်လ်ဒိုက်နိုင်ငံမှ မြန်မာနိုင်ငံသား (၂)ဦး၊ အစ္စရေးနိုင်ငံမှ မြန်မာနိုင်ငံသား (၇)ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသား(၃)ဦး၊ ဘရာဇီးလ် နိုင်ငံမှ မြန်မာနိုင်ငံသား (၁၀)ဦး၊ ပြင်သစ်နိုင်ငံမှ မြန်မာနိုင်ငံ သား(၈)ဦး၊ စပိန်နိုင်ငံမှ မြန်မာနိုင်ငံသား(၂)ဦး၊ တောင်အာဖရိကနိုင်ငံမှ မြန်မာနိုင်ငံသား (၂)ဦး၊ ပနားမားနိုင်ငံမှ မြန်မာနိုင်ငံသား (၂)ဦး၊ ဟန်ဂေရီနိုင်ငံသား (၁)ဦး၊ နိုင်ဂျီးရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား (၂)ဦး၊ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသား (၁)ဦး၊ ဂျပူတီနိုင်ငံမှ မြန်မာနိုင်ငံသား (၁)ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၁၆၃)ဦးနှင့် နိုင်ငံခြားသား (၁၁)ဦး စုစုပေါင်း (၁၇၄)ဦး လိုက်ပါလာမည် ဖြစ်ပါကြောင်း နှင့် ခရီးစဉ် အဆင်ပြေချောမွေ့စေရန်၊ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသော အိုမန်နိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး) နိုင်ငံခြားရေးဝန်ကြီးဌာနများ၊ ပြည်ထဲရေးဝန်ကြီးဌာနများ၊ လေကြောင်းအာဏာပိုင်အဖွဲ့များ၊ရီယာဒ်မြို့ အခြေစိုက် အိုမန်သံရုံး၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး) သံရုံး၊ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသော အိုမန်နိုင်ငံနှင့် ယူအေအီးနိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းများအားလုံးကို ကျေးဇူးဉပကာရ တင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

6-9-2020-01

 

6-9-2020-02

 

ကယ်ဆယ်ရေးလေယာဥ်များတွင် ဒေသတွင်းနိုင်ငံများမှ အခက်အခဲကြောင့် ပြန်ရန် လိုအပ်သူများ၊ သောင်တင်နေကြသော သေင်္ဘာသားများနှင့် အခြားပြည်ပနိုင်ငံအသီးသီးမှ လာရောက်စီးနှင်းသူများကို အတတ်နိုင်ဆုံး အဆင်ပြေ မျှတစွာ အသုတ်လိုက် ပါဝင်နိုင်ရေး ကြိုးပမ်းစီစဥ်ပေးလျက်ရှိပါကြောင်းနှင့် လိုက်ပါလိုသူ အရေအတွက်နှင့် လိုက်ပါနိုင်သည့် အရေအတွက်မှာ ချိန်ညှိပေးရသဖြင့် အချို့မှာကာလတစ်ခုအထိ စောင့်ဆိုင်းနေရမှုများ ကြုံတွေ့ရနိုင်သည်ကို နားလည်ပါသည်။ မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ ပြန်လိုသည့် ရက်တွင် မပါရှိသေးသည့်တိုင် ဆက်လက်စီစဥ်ပေးနေမည့် ကယ်ဆယ်ရေးလေယာဥ်များတွင် အလှည့်ရောက်ရှိပါက လိုက်ပါနိုင်မည် ဖြစ်သဖြင့် သည်းခံစောင့်ဆိုင်းပေးကြပါရန် မေတ္တာရပ်ခံဖော်ပြအပ်ပါသည်။

Goverment Websites



Embassy Websites



Contact us

Embassy of the Republic of the Union of Myanmar

No. 5, Al-Kadi Street, King Fahad Area, Riyadh, Kingdom of Saudi Arabia.

P.O Box No: 94490, Riyadh 11693, Kingdom of Saudi Arabia.

Tel: 966-11-2293525, 2293523,

Fax: 966-11-2293306

Email : [email protected]

Website: www.meriyadh.org

Time


Myanmar Time

Riyadh Time

အဂတိလိုက်စားမှုများ တိုင်ကြားရန်

email-icon

S5 Box