News

23-11-2020-01

 

23-11-2020-02

 

၂၃-၁၁-၂၀၂၀ ရက် ၁၃:၀၀ နာရီတွင် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဉီးတင်ယုသည် ဆော်ဒီအာရေဗျနိုင်ငံအတွင်းရှိ သံတမန်များအဖွဲ့ နာယကအဖြစ် တာဝန်ထမ်းဆောင်နေသော ဂျီဘူတီနိုင်ငံ သံအမတ်ကြီး H.E Dya-Eddine Said Bamakhrama ၏ နေအိမ်တွင် ကျင်းပပြုလုပ်သော မြန်မာသံအမတ်ကြီး အပါအဝင် အသစ်ရောက်ရှိလာသော သံအမတ်ကြီးများနှင့် တွေ့ဆုံ မိတ်ဆက်ပွဲနှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် သံအမတ်ကြီးများအား နှုတ်ဆက်ပွဲသို့ တက်ရောက်ခဲ့ပါသည်။

18-11-2020-01

 

၁၈-၁၁-၂၀၂၀ ရက် နံနက် ၁၁၀၀ နာရီတွင် မြန်မာသံအမတ်ကြီး ဉီးတင်ယုသည် ဆော်ဒီအာရေဗျနိုင်ငံရှိ သံတမန်အဖွဲ့ နာယက ဖြစ်သည့် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ ဂျီဘူတီသံအမတ်ကြီး H.E Dya-Eddine Said Bamakhrama အား သွားရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် သံတမန်ရေးရာကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။

19-11-2020-01

 

19-11-2020-02

 

19-11-2020-03

 

၁၉-၁၁-၂၀၂၀ ရက် နံနက် ၁၁:၀၀ နာရီတွင် မြန်မာသံအမတ်ကြီး ဉီးတင်ယုသည် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး H.E VU VIET DUNG အား သွားရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် သံတမန်ရေးရာကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံသံရုံး အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်သည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

18-11-2020-01

 

၁။ ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယု သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်၊ ၁၁၃၀ နာရီတွင် ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး အဆင့်ရှိ H.E Mr. Mishari bin Ali bin Naheet (Undersecretary for Protocol Affairs) နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သွားရောက်တွေ့ဆုံ၍ ခန့်အပ်လွှာ (မိတ္တူ) ကို ပေးအပ်ခဲ့ပါသည်။

၂။ မြန်မာသံအမတ်ကြီး အနေဖြင့် ခန့်အပ်လွှာ(မိတ္တူ) ကို ပေးအပ်ခဲ့ပြီးဖြစ်သဖြင့် ဆော်ဒီအာရေဗျနိုင်ငံတွင် တရားဝင် တာဝန်ဝတ္တရားများကို အပြည့်အဝ ထမ်းဆောင်နိုင်ပြီ ဖြစ်ပါသည်။ ၃။ တွေ့ဆုံစဉ် သံတမန်ရေးရာ ဓလေ့ထုံးတမ်းများနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Goverment Websites



Embassy Websites



Contact us

Embassy of the Republic of the Union of Myanmar

No. 5, Al-Kadi Street, King Fahad Area, Riyadh, Kingdom of Saudi Arabia.

P.O Box No: 94490, Riyadh 11693, Kingdom of Saudi Arabia.

Tel: 966-11-2293525, 2293523,

Fax: 966-11-2293306

Email : [email protected]

Website: www.meriyadh.org

Time


Myanmar Time

Riyadh Time

အဂတိလိုက်စားမှုများ တိုင်ကြားရန်

email-icon

S5 Box