Consular Services for Myanmar Nationals

၀င်ငွေခွန်နှင့်နိုင်ငံကူးလက်မှတ်သစ်လျှောက်ထားရန် လိုအပ်သည့် အချက်အလက်များ

၁။ ဝင်ငွေခွန်ထမ်းဆောင်ခွင့်လျှောက်လွှာ
၂။ နိုင်ငံကူးလက်မှတ်အသစ်လျှောက်လွှာ
၃။ နိုင်ငံကူးလက်မှတ်ဟောင်း ခေတ္တကိုင်ဆောင်ခွင့် လျှောက်လွှာ
၄။ ကိုယ်ရေးပုံစံ
၅။ ဓါတ်ပုံ (၂) ပုံ ( ၆ လအတွင်း ရိုက်ကူးထားပြီး၊ မျက်နှာသည် ဓါတ်ပုံ၏ ၈၀% ရှိ၍ နောက်ခံ အဖြူရောင် ဖြစ်ရပါမည် ) ( 35 mm x 45 mm, 600 Resolutions )
၆။ လျှောက်ထားသူ၏ လက်မှတ်နှင့် လက်မ ( ဘယ်/ညာ ) လက်ဗွေပုံစံ ) (လက်ဗွေနှိပ်ရာတွင် ခရုပတ်ပေါ်ရပါမည်) ( Form B )
၇။ လျှောက်ထားသူ၏နိုင်ငံကူးလက်မှတ် မူရင်း
၈။ အလုပ်ကန်ထရိုက်စာချုပ်
၉။ ယခင်အခွန်ပေးဆောင်ခဲ့သည့် အထောက်အထား သက်ဆိုင်ရာသံရုံး/ အခွန်ဦးစီးဌာန ( မြန်မာနိုင်ငံတွင် ပေးဆောင်ခဲ့ပါက ) ၏စာ ( သို့ ) ‌ပြေစာမိတ္တူ

၁၀။

ပြန်လည်/ဆက်သွယ်ပေးပို့ရမည့် အမည်/လိပ်စာ/စာတိုက်သင်္ကေတ ( Postal code ) / တယ်လီဖုန်းအမှတ်/ e-mail ရိုက်နှိပ်ထားသော သီးခြားစာရွက်

မှတ်ချက်။

စာရွက်စာတမ်းများ ပြည့်စုံမှု ရှိ-မရှိ နှင့် ကျသင့်ငွေ ကြိုတင် တွက်ချက်နိုင်ရန် စာရွက်စာတမ်းများ၊ နိုင်ငံကူးလက်မှတ်မိတ္တူတို့ကို မြန်မာသံရုံး၏ email: This email address is being protected from spambots. You need JavaScript enabled to view it. သို့ ကြိုတင်ပေးပို့ပေးပါရန် လိုအပ်ပါသည်။

အခကြေးငွေနှုန်းထားများ

နိုင်ငံကူးလက်မှတ် အသစ်/ သက်တမ်းတိုးခ - ဆော်ဒီရီရယ် ၁၂၀
မည်သူမည်၀ါဖြစ်ကြောင်းသက်သေခံလက်မှတ် - ဆော်ဒီရီရယ် ၂၁၀
ထောက်ခံစာ (Legalization/ Attestation) - ဆော်ဒီရီရယ် ၇၅
ထောက်ခံစာ (မှီခိုဖြစ်ကြောင်း၊ အလုပ်မလုပ်ကြောင်း) - ဆော်ဒီရီရယ် ၂၀

(မှတ်ချက်။ ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစတင်၍ နိုင်ငံကူးလက်မှတ်ခအဖြစ် ဆော်ဒီရီရယ် ၁၂၀/- ပြောင်းလဲ ကောက်ခံလျက်ရှိပါကြောင်း ဖေါ်ပြအပ်ပါသည်။)